
Sunday, December 11, 2011
Friday, November 18, 2011
Tuesday, October 25, 2011
ဗန်းမော်တင်အောင်

ပြည်သူတွေ၊ လူငယ်တွေ၊ ကနေ့အထိ မျိုးဆက်လိုက်ချီပြီး ဖိနှိပ်သူတွေကို ရင်ဆိုင် အံတုနေကြတာဟာ ဦးလေးဦးတင်အောင်ရဲ့ စာမျိုးတွေရဲ့ ကျေးဇူး အများကြီး ပါပါတယ်။
ဖိုးသံ(လူထု)
မစိမ်းပင် ရဲ့ စကား
အတ္တမဲ့ မာနဖြင့်
ဘ၀ကို ထုဆစ်
ခေတ်ကို ထမ်းပိုး
ရိုးသား၏ ရဲရင့်စွာ။
မစိမ်းပင်
မောင်စိန်ဝင်း (ပုတီးကုန်း)
"....ဘ၀တွင် အကျေနပ်ဆုံးတခုကို ဖော်ပြပါဆိုလျှင် စက်မှုတက္ကသိုလ်ကျောင်းသား ဖြစ်ခဲ့ ရခြင်း၊ အောင်မြင်မှုတစုံတရာ ရရှိတိုင်း စက်မှုတက္ကသိုလ် ကျောင်းသား ဖြစ်ခဲ့ရခြင်း အခြေခံကြောင့်ဟု ခံစားနေမိဆဲ...."
မောင်စိန်ဝင်း (ပုတီးကုန်း)
'အလွမ်းတက္ကသိုလ် ပန်းတက္ကသိုလ်'၊ တက္ကသိုလ်နောက်ခံဝတ္ထု (၆၁) ပုဒ် စုစည်းမှု စာအုပ်မှ
All men must die, but death can vary in its significance. The ancient Chinese writer Szuma Chien said, " Though death befalls all men alike, it may be heavier than Mount Tai or lighter than a feather." To die for the people is heavier than Mount Tai, but to work for the fascists and die for the exploiters and oppressors is lighter than a feather.
Mao Tse Tung,
"Serve the People" (September 8, 1944), Selected Works, Vol. III, p.227
ဂျူး
များဖြစ်သောကြောင့်တာဝန်အလွန်ကြီးပါသည်။
ထိုတာဝန်ကို ကျွန်မတို့သည် ဂုဏ်သိက္ခာဖြင့်ရင်းရမည်။
ထိုဂုဏ်သိက္ခာကိုလည်းကျွန်မတို့ဖတ်သောစာအုပ်များ
ကပေးအပ်ပါလိမ့်မည်။
ဂျူး
ဒဂုန်တာရာ။
Blog Archive
လင်းရောင်နီရဲ့ ပန်းချီခန်း
မြန်မာ ဝဘ်ဆိုက်တွေ...
စိတ်ဝင်စားရာ ဖတ်ကြပါ
Sunday, July 31, 2011
သခင်သန်းထွန်း - အနီကို လေ့လာကြည့်ရှုချက်
ရေးသူ - ဒဂုန်တာရာ

[၂၀၁၁ သြဂုတ်လတွင် ကျရောက်သော ဗမာပြည်ကွန်မြူနစ်ပါတီ ဥက္ကဌ သခင်သန်းထွန်း(၁၉၁၁-၂၀၁၁) ရဲ့ မွေးနေ့ရာပြည့် အထိမ်းအမှတ်အဖြစ် မာယာမဂ္ဂဇင်းက ဂါရဝပြု ဖော်ပြခြင်း ဖြစ်ပါတယ်။]
လူငယ်လည်း ဖြစ်ရမည်၊ အဝတ်အစား ခပ်စုတ်စုတ် ခပ်နွမ်းနွမ်းနှင့်၊ (ဒါမှပစ္စည်းမဲ့ သရုပ်ပေါ်ပေမည်ကိုး) မော်တော်ကားခန့်ခန့်၊ ဆိုဖာ၊ အိုက်စကရင်နှင့်ကိတ်မုန့်၊ စန္ဒယား စသည်တို့နှင့် မနီးစပ်ရ။ (တောအောင်းနေနိုင်က ပိုကောင်းမည်) အကြမ်းပတမ်း လက်နက်ကိုင်ထကြွမှုကို လိုလားသူ။ ယေဘူယျ လူအများက ကွန်မြူနစ်ဆိုလျှင် ဤသို့ဘဲဟု အောက်မေ့လျက် ရှိကြသည်။
ကွန်မြူနစ်ဆိုသူမှာလည်း စင်စစ်၊ သွေးနှင့်သားနှင့် ပြုလုပ်ထားသော သတ္တဗေဒ အကောင်အထည် လူပင်ဖြစ်ပါသည်။ လူဆိုသည်မှာ တဏှာပေမကို မပယ်နိုင်သူ၊ ဆန့်ကျင်ဘက်လိင်ကို တောင့်တသော သွေးစိတ်သားစိတ်၊ မိမိသာလျှင် တွင်ကျယ်ချင်သော အတ္တစိတ်၊ တခါတရံ အမှောင်ကဲ့သို့ မိုက်မဲတတ်သော မောဟစိတ် စသည်တို့နှင့် ပြည့်စုံသော လူပင် ဖြစ်သည်။ အဘိဓမ္မာဆရာကြီး ဒေါက်တာဂျုတ် ပြောသကဲ့သို့ 'လူသည် မိမိသာ လူတွင်ကျယ်ဖြစ်ကြောင်း ပြလိုသည်' ဆိုသော လူပင်ဖြစ်သည်။ လူဆိုသည်မှာ ဘယ်သူပဲဖြစ်ဖြစ်၊ အတူတူချည်းပဲ ဖြစ်သည်။
